Monday, August 4, 2008
ဖူဂျီတောင်ထိပ်မှာ မြန်မာပြည်အရေးဆုတောင်းခဲ့ကြတဲ့ ဂျပန်ရောက် ဒီမိုလှုပ်ရှားသူများ
Posted by kyaw kyaw naing at 10:41 AM 0 comments
Labels: သတင်း
Monday, July 14, 2008
ဗိုလ်မှူးအောင်လင်းထွဋ်ပေးပို့တဲ့ ဂတိမတည်သော အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်း
တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး လှမ်း(၁) ဌာနတွင် စစ်ဦးစီး ဒုတိယတန်း တာဝန်ထမ်းဆောင် ခဲ့ပြီး အမေရိကန်နိုင်ငံ ၀ါရှင်တန်ရှိ မြန်မာသံရုံးတွင် သံရုံးယာယီတာဝန်ခံ (Charge d' Affaires)အဖြစ်မှ နိုင်ငံရေးခိုလှုံသွားခဲ့သူ ဗိုလ်မှူးအောင်လင်းထွဋ်က တိုင်းရင်းသားလူမျိုးစု များအပေါ် ဂတိမတည်ခဲ့သော အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း ဆောင်းပါးပေးပို့လာပါတယ်။ ယခုလို ပေးပို့လာသော ဗိုလ်မှူးအောင်လင်းထွဋ်အား ကျွန်တော်ဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ စည်းလုံးခြင်းရဲ့အင်အား ဘာလော့ဂ်မှာ မှတ်တမ်း တင်အပ်ပါတယ်။
http://photayokeking.blogspot.com/ မှ ကူးယူတင်ပြပါသည်။
Summary
Rest of your post
Posted by ဥတ္တရ at 1:27 AM 0 comments
Monday, June 23, 2008
Tuesday, May 20, 2008
Tuesday, May 13, 2008
ငြိမ်းအဖွဲ့ ခေါင်းဆောင်များ ထောက်ခံမှုနဲ့ ပြည်သူ့ဆန္ဒမဲများ
တိုးတက် (PMV)
Summary
Rest of your post
Posted by ဥတ္တရ at 2:45 AM 0 comments
Labels: သတင်း
တူမကြီးဖတ်ဖို့ (၁)
ညှပ်ကြီး (မြင်းခြံ)
ဦးလေးတို့ နိုင်ငံဟာ (၁၈၂၄) ခုနှစ်ကထဲက တစိတ်တပိုင်းကျွန်ဖြစ်၊ (၁၈၈၅)ခုနှစ်မှာ လုံးဝ ကျွန်ဖြစ်ခဲ့တာ အလယ်တန်း အထက်တန်း အရွယ်ဆို သိပြီးသားဖြစ်မှာပါ။ ကျွန်ဖြစ်တယ်ဆိုတဲ့စကားလေးနဲ့ သမိုင်းဖတ်စာထဲ ဖတ်ကျက် ရေး ဖြေ၊ ဒါနဲ့ပြီးသွားလို့ကတော့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း စကားနဲ့ မကိုက်ဘူးဖြစ်နေမှာ။ ကိုယ်ဖြစ်ချင်လို့ ဖြစ်လာတဲ့ကျွန် မဟုတ်သလို သူ့ကျွန်ကနေ လွတ်လပ်ဖို့ဆိုတာလဲ ဘယ်နှစ်နှစ်ကြာပြီး သူရဲကောင်း ဘယ်နှစ်ယောက် ကျဆုံးပြီးမှ ရခဲ့တာလဲ၊ အချိန်တွေ ဘ၀တွေ သွေးတွေခင်းခဲ့ ကျရတာကလား။ (၁၉၄၈)ခုနှစ် ဇန္န၀ါရီလမှာ လွတ်လပ်၊ မတ်လမှာ ပြည်တွင်းစစ်ဖြစ်ခဲ့တာ အခုထိဆိုတော့ ဒို့ပြည်သူတွေဟ (၁၈၂၄)ခုနှစ်ကနေ အခု (၂၀၀၈)ခုနှစ်ထိ နှစ်ပေါင်း (၁၈၀)လုံးလုံး စိတ်အေး ချမ်းမြေ့ ကျောသားရင်သားမခြား မနေခဲ့ရရှာကြဘူး တူမပြီးရေ။
ကျောက်ခေတ် ကျွန်ခေတ်တွေထားပါ။ ဒို့နိုင်ငံရဲ့ ကျောက်စာ ပေစာ အထောက်အထားတွေအရ ပုဂံခေတ်က စရေတွက်ရင် နှစ် (၁၀၀၀)သမိုင်း၊ ဒီနှစ် (၁၀၀၀)ထဲမှာ ပဒေသရာဇ်ခေတ်က နှစ်(၈၀၀)၊ ဒါတောင် နှစ်(၈၀၀)လုံးလုံး ထီးနဲ့ နန်းနဲ့ ကိုယ့်ဘုရင်နဲ့ နေ နေကြတာ မဟုတ်ဖူးလေ။ ထီးမဲ့ နန်းမဲ့ ဘုရင်မဲ့ နှစ်တွေလဲ မနည်းဘူး။ ဒို့နိုင်ငံက တခြားတိုင်းပြည်တွေလို ပဒေသရာဇ် တော်လှန်ရေး ဆင်နွှဲစရာမလိုပဲ ကျွန် တန်းဖြစ်ခဲ့ကြရတာ၊ ဒီမှာတင် နယ်ချဲ့တော်လှန်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး.....ဆရာတော ဦးဝိစာရ၊ ဦးဥတ္တမ၊ ဗိုလ်ဆွန်ပက်၊ ပုပ္ပါး ဗိုလ်နက်ကျော်၊ ဒို့ဒေသက ၀ဲလောင် ဗိုလ်ရာညွန့်၊ ငဠုန်ဆရာစံ၊ အာဠာဝက သခင်ဖိုးလှကြီး၊ စစ်ကိုင်း ဗိုလ်သိန်းတန်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေ၊ နောက်ပြီး ... သခင်တွေ၊ အာရှလူငယ် အစည်းအရုံးအဖွဲ့ဝင်တွေ၊ (၁၉၆၂)ခုနှစ် ကျောင်းသားမျိုးဆက်တွေ၊ ကို့ကိုးကျွန်း အာဇာနည်တွေ၊ (၁၉၇၄/၇၅/၇၆) အလုပ်သမား ကျောင်းသား ပြည်သူတွေ၊ (၁၉၈၈) မျိုးဆက်တွေ နည်းသလား ငါ့တူမကြီးရေ။ ဒီ (၁၉၈၈-၂၀၀၈) နှစ် (၂၀)အတွင်း လမ်းမတွေပေါ်မှာ၊ ထောင်ထဲမှာ၊ စစ်ကြောရေးစခန်းမှာ၊ လက်နက်ကိုင်ဒေသ တောထဲမှာ၊ ဆေးရုံပေါ်မှာ၊ မီးသင်္ဂြိုဟ်စက်ထဲမှာ၊ သူရဲကောင်း အာဇာနည်တွေရဲ့ အသက်တွေ သွေးတွေ ၀ိညာဉ်တွေ ခုဆို ဦးတို့လူမျိုးရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ ဗုဒ္ဓသာသနာ အရှည်တည်အောင် ထိန်းသိမ်းမယ့် ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ရဟန်းသံဃာတွေတောင် ဘယ်လိုဖြစ်နေပြီလဲဆိုတာ မြို့မှာနေတဲ့ တူမကြီးတို့ ပိုသိမှာပါ၊
အခု ဦးတို့ ပြည်သူတွေဟာ တခြားနိုင်ငံကြီးတွေမပြောနဲ့ ကိုယ့်အိမ်နီးချင်း ဒုတိယကမ္ဘာစစ်ပြီး လွတ်လပ်ခဲ့တဲ့ နိုင်ငံတွေနဲ့တောင် ရင်ဘောင်မတန်းနိုင်အောင် ဖြစ်နေတာက ရှေးဝဋ်ကြောင့်လဲ မဟုတ်၊ လူမျိုးအလိုက် ညံ့လို့လဲ မဟုတ်၊ လက်တဆုပ်စာ စစ်အာဏာရှင် တစုကြောင့်ပဲလေ၊ (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကြည့်ရင် တပ်မတော်သားတွေရဲ့ ရင်နှလုံးသားဟာ ပြည်သူတွေနဲ့ တထပ်တည်း ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအုံကြွမှုကြီးကို ကြည့်ရင် ရဟန်းသံဃာတွေဟာ ပြည်သူ့အသည်းနဲ့ အတူတူ၊ ဒါဆို လာမည့် ဆန္ဒခံယူပွဲဆိုတာကို ရဟန်းရှင်လူ ပြည်သူ ကျောင်းသား တပ်မတော်သားတွေက စစ်အုပ်စုကို တိုက်ထုတ်တဲ့ပွဲ၊ အဲဒီ ပွဲအတွက် အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးထိပါ ပြင်ဆင်ထားကြရအောင်။.....။
Rest of your post
Posted by ဥတ္တရ at 2:42 AM 0 comments
Labels: ဆောင်းပါး
“ဧရာဝတီအတွက် ငိုချင်း”
♫ ဧရာဝတီရေ
နင့်မှာ နဂိုကမှ
ဒုက္ခတွေ တပွေ့တပိုက်နဲ့ပါဆို
နာဂစ်ရဲ့ မညှာတာမှုတွေကြောင့်
ဘ၀ပျက်နေရပါပေါ့လား....။
♫ ဧရာတီရေ
မိုင်ပေါင်းများစွာ စီးဆင်းလာခဲ့ပြီးမှ
ပင်လယ်ဝအထိ
အတိုင်းမသိ အကျိုးပြုနေခဲ့သမျှကို ကြည့်ရင်း
တသက်လုံးမွေးထားတဲ့ကြက်
တညတည်း ရိုက်သတ်သလို
အားလုံးကြွေပြုန်းနေရပေါ့.....။
♫ အခုတော့ ဧရာဝတီရေ
နင့်ကို မုန်တိုင်းကသတ်
စစ်တပ်က သတ်နဲ့
ရင်ဝယ်ပိုက်သားသမီးတွေလဲ
အရွယ်မရွေး သေနေကြရတာ ကြည့်ပြီး
နင့်မျက်ရည်တွေလဲ ကုန်ခမ်းတော့မှာ မဟုတ်ပါဘူး....။
♫ ဧရာဝတီရေ
နင့်မှာ မြန်မာ့သမိုင်းမှာ သာမက
ကမ္ဘာ့သမိုင်းမှာပါ
သေကြမှုတွေ
ပျက်စီးဆုံးရှုံးမှုတွေ
ရက်စက်မှုတွေ
လူသားချင်းမစာနာမှုတွေ
အားလုံးအပေါ်မှာ
စံတင်ရတော့မှာပေါ့....။
♫ ဧရာဝတီရေ
နင့်ရင်ခွင်က လူသေအလောင်းတွေ
ရွာပျက် အိမ်ပျက်တွေ
ကျန်နေတဲ့သူတွေရဲ့ ကျန်းမာရေးတွေကို
မသမာသူတွေက
ကိုယ်နဲ့မဆိုင်သလို လစ်လျူရှုနေလိုက်တာလဲ
သိပ်အသဲနာစရာ ကောင်းသလို
ဘယ်လိုမှလည်း နားမလည်နိုင်ဘူး....။
♫ အခုတော့ ဧရာဝတီရေ နင့်ရဲ့အလှ
နင့်ရဲ့ဘ၀ဟာ
အရှင်လတ်လတ် ငရဲကျနေသလို
မသမာသူလက်ထဲ
‘၀’ ကွက်အပ်နေရတာကိုက
နင့်ရဲ့ အနာဂါတ်အတွက်
ငါတို့ဆုံးဖြတ်ချက် ချရတော့မယ်....။
ထက်လွင်အောင်
၁၃.၅.၂၀၀၈
မှတ်ချက်။ ။ ဤကဗျာ ပေးပို့သော ကဗျာဆရာ ထက်လွင်အောင် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Summary
Rest of your post
Posted by ဥတ္တရ at 12:13 AM 0 comments
Labels: ကေ်ာ
Friday, May 9, 2008
ကပ်ဘေးကိုကျော်လွန်ဖို့ ကန့်ကွက်မဲပေးကြစို့
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏
ထုတ်ပြန်ချက်
(၃/၂၀၀၈)
(၁၀-၅-၂၀၀၈)
(၁) ပထမဆုံးအနေနဲ့ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများနည်းတူ ဗမာပြည်ကွန်မြူနစ်ပါတီက လှိုက်လှဲဝမ်းနည်း ရပါကြောင်း ဖေါ်ပြလိုတယ်။
(၂) ဒီအချိန်ဟာ တမျိုးသားလုံးအတွက် အမင်္ဂလာအချိန် အမင်္ဂလာကာလ ဖြစ်တယ်။ ကပ်ဘေးဒဏ်သင့် ပြည်သူတွေ ကယ်ဆယ်ကူညီရေး လုပ်ငန်းကို ဦးစားပေး ဇောက်ချလုပ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လျစ်လျူရှုပြီး ဒီနေ့မှာပဲ နအဖက သူ့စစ်အာဏာ တရားဝင်ဖြစ်ရေး တခုတည်းကိုသာ ရည်စူးပြီး ဆန္ဒခံယူပွဲ လုပ်လိုက်တယ်။ အနာဂတ်ကာလတခုလုံး အမှောင်ဖုံးအောင် လုပ်လိုက်ခြင်းပါဘဲ။ မဲဆန္ဒရှင်ပြည်သူတွေဟာ နည်းမျိုးစုံ အကွက်ချ ညစ်ပတ်တာ ခံနေကြရတယ်။ ဘာပဲဖြစ်ဖြစ် ဘ၀နဲ့ရင်းပြီး ပြည်သူတွေ ဆန္ဒမဲပေးနေကြပါပြီ။
(၃) စစ်အစိုးရရှိနေသမျှ ဒုက္ခမျိုးစုံ ဆက်ခံစားနေကြရဦးမယ်ဆိုတာ ပြည်သူတွေ သိကြပါတယ်။
နောက် (၂)ပတ်အကြာမှ ထပ်ပြီး ကပ်ဘေးသင့်ပြည်သူတွေ မဲပေးကြရဦးမယ်။ လူမှုဒုက္ခတွေက ကင်းဝေးဖို့ ဆိုရင်တော့ သွန်အောပြီး ကန့်ကွက်မဲပဲ ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Summary
Rest of your post
Posted by ဥတ္တရ at 11:22 PM 0 comments
Labels:ောကညာချက်
Thursday, May 8, 2008
လူထုအခက် ထောက်ခံမဲအတွက် လုပ်နေသော န၀တခေါ်နအဖ
ဥတ္တရ
၂၀၀၈မေလ(၇)ရက်
ယင်းကြိုတင်ဆန္ဒမဲ ကောက်ယူမှုအား နမ်းခမ်းမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူး လှတင်၊ ရှေ့တန်းချေလျင်တပ်ရင်း အမှတ်(၂၉၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းထွဋ် နှင့် နမ့်ခမ်းမြို့ မယကဥက္ကထ ဦးတင်လှိုင် တို့ကိုယ်တိုင် ဦးစီးဦးရွက်ပြုကာ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစုလျှင် ကျေးရွာ(၃)ရွာစီရှိပြီး ကျေးရွာတရွာလျှင် ဦးရေ (၃၀၀)ခန့်အား ကြိုတင်ဆန္ဒမဲ ကောက်ခံသွားကြောင်း သိရှိရသည်။ ကျေးရွာများတွင် ဆန္ဒမဲကောက်ခံရာ၌ ကျေးရွာလူကြီးအိမ်များတွင် စားပွဲခုံကလေးများသာ ခင်းကျင်းပြီး ရယက စာရေးများကိုယ်တိုင် အမည်စာရင်းမှတ်တမ်းတင်ပြီး လက်မှတ်နေရာတွင် အမှန်ခြစ်များ ခြစ်ကာ ထောက်ခံမဲများကို ရယူသွားခဲ့ကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။ အလားတူ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများအားလည်း ယင်းဒေသရှိ သက်ကြီးရွယ်အိုများ၏ ဆန္ဒမဲများအား ရယက စာရေးများမှ စာရင်းရေးသွင်းပြီး ထောက်ခံအမှန်ခြစ်များ ရေးသားကာ ထောက်ခံမဲရရှိကြောင်း အတည်ပြုရယူသွားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။
ယခုမြန်မာပြည်အတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူထုအနေဖြင့် ကိုယ်ချင်းစာ ၀မ်းနည်း ပက်လက်ဖြစ်နေချိန်၊ ပြင်ပမီဒီယာများမှ အာရုံစိုက်မှုမရှိချိန်တွင် နအဖအနေဖြင့် မုန်တိုင်းမခံစားခဲ့ရသော ဒေသများမှ ပြည်သူလူထုများအား ယင်းတို့၏ ဖွဲ့စည်းပုံ အတည်ပြု နိုင်ရေး အသုံးချ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။
Rest of your post
Posted by ဥတ္တရ at 5:42 AM 0 comments
Labels: သတင်း
နာဂစ် ကြောင့် စစ်သင်္ဘော(၇)စီးနှင့် အရာရှိစစ်သည် (၂၅၀)ကျော်ပျောက်ဆုံးနေ
ဥတ္တရ
၂၀၀၈မေလ (၇)ရက်
၂၀၀၈မေလ (၂)ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းတိုက်ခတ်သွားသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မြန်မာ့ ရေတပ်မတော် ရေတပ်စခန်းဌာနချုပ်များဖြစ်ကြသော ပမ္မ၀တီ ရေတပ်စခန်း၊ ဧရာဝတီ ရေတပ်စခန်းကြီးများ အောက်ရှိ ဟိုင်းကြီးကျွန်း ရေတပ်စခန်းနှင့် အနီးတ၀ိုက် သံလျှက်စွန်းရေတပ်စခန်းနှင့် စခန်းဝန်းကျင် ပင်လယ်ရေပြင်တွင် တာဝန် ထမ်းဆောင်လျှက် ရှိနေသော မြန်မာ့ရေတပ်မတော်ပိုင် စစ်သင်္ဘော(၇)စီး လုံးဝနှစ်မြုပ်သွားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ် နေသူများထံမှ သိရှိရသည်။
အဆိုပါစစ်သင်္ဘော (၇)စီးတွင် (၅)စီးမှာ တိုက်ခိုက်ရေး ရေယာဉ်များဖြစ်ကြပြီး (၂)စီးမှာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသော ရေယာဉ်များဖြစ်ကြောင်း သိရှိရသည်။ တိုက်ခိုက်ရေး ရေယာဉ် (၅)စီးတွင် (၃)စီးသည် တန်(၈၀၀)မှ (၂၀၀၀)တန် အထိ ရှိကြသည့် သင်္ဘောကြီးများဖြစ်ကြပြီး တန်(၂၀၀၀)အထိရှိသော တရုတ်နိုင်ငံမှ ၀ယ်ယူထားသော သင်္ဘောကြီးတစီးလည်း ပါဝင်ကြောင်း သိရှိရသည်။
၎င်းသင်္ဘော (၇)စီးပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိစစ်သည်အားလုံးလည်း ပျောက်ဆုံးနေကြောင်းသိရှိရသည်။ ပျောက်ဆုံးနေသော အရာရှိစစ်သည်များတွင် အရာရှိအင်အား (၃၀)ကျော်နှင့် အခြားအဆင့်စစ်သည် (၂၂၁)ဦးရှိကြောင်း သိရှိရသည်။
Summary
Rest of your post
Posted by ဥတ္တရ at 4:55 AM 0 comments
Labels: သတင်း
Monday, May 5, 2008
ဆန္ဒခံယူပွဲကာလအတွင်း လုံခြုံရေး တင်းကြပ်
ဥတ္တရ
၅-၅-၂၀၀၈
Rest of your post
Posted by ဥတ္တရ at 2:13 AM 0 comments
Labels: သတင်း
Saturday, May 3, 2008
တရားမျှတသည့် ဆန္ဒခံယူပွဲဖြစ်ရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်
ဥတ္တရ
၅-၅-၂၀၀၈
Summary
Rest of your post
Posted by ဥတ္တရ at 7:48 PM 0 comments
Labels: သတင်း
Thursday, May 1, 2008
Sunday, April 27, 2008
“နအဖဖွဲ့စည်းပုံထောက်ခံမဲ နှင့် တိုင်းရင်းသား အပစ်ရပ်ငြိမ်းအဖွဲ့များ”
၂၆-၄-၂၀၀၈
ယခုလည်း နအဖမှ ကျင်းပပြုလုပ်လာတော့မည့် မေလ (၁၀)ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု နိုင်ရေး ဆန္ဒခံယူပွဲတွင် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် လူမျိုးစုအဖွဲ့အစည်းဒေသများရှိ ပြည်သူလူထု များကို အသုံးချကာ ၎င်းတို့အတွက် ထောက်ခံမဲရရှိရေးကို ပြုလုပ်နေလျှက်ရှိနေသည်။
ယခုအချိန်ထိ နအဖအနေဖြင့်လည်း လက်နက်ကိုင် အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များ၏ မဲပေးရေး သဘောထား ဆန္ဒကို ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့အစည်းများ မှလည်း နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး ဆန္ဒမဲပေးပွဲတွင် မိမိတို့၏ အခြေခံဒေသရှိ ပြည်သူလူထုများ၊ မိမိတို့တပ်ဖွဲ့ဝင်များအပေါ် ထောက်ခံရန် (သို့မဟုတ်) ကန့်ကွက်ရန် ဆိုသည့် တရားဝင် သဘောထား ထုတ်ပြန်ချက်များ ချမှတ်ထုတ်ပြန်ပေးထားခြင်း မရှိသေးချေ။
သို့သော်လည်း နအဖအနေဖြင့် အပစ်ရပ် တိုင်းရင်းသားငြိမ်းအဖွဲ့ပိုင်နယ်မြေများတွင် မဲရုံများကြိုတင် သတ်မှတ်ပေးထားပြီး မဲပေးပိုင်ခွင့် ဦးရေများကို လျို့ဝှက်အကြောင်းကြား တရားဝင်ထုတ်ပြန်ပေးထားပြီး ဖြစ်သည်။ ဤကဲ့သို့ ထုတ်ပြန်ပေးပြီး နောက်ပိုင်းတွင် အချို့တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုနိုင်ရေး ဆန္ဒမဲပေးရန်အပေါ် အချို့အဖွဲ့များသည် မိမိပိုင်နယ်မြေအတွင်း ထောက်ခံမဲကိုသာပေးရန်အတွက် ပြည်သူလူထုနှင့် မိမိတပ်ဖွဲ့ဝင်များအပေါ် ညွန်ကြားထားရှိပြီး အချို့အဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များအပေါ် မည့်သည့် လမ်းညွန်မှုမျှ မပြုလုပ်ပဲ ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များ၏ သဘောဆန္ဒအတိုင်းသာ လုပ်ဆောင်စေလိုသည့်သဘော မိမိတို့ဘာသာ ဆုံးဖြတ်ကြစေရန် ဆိုသည့် သဘောဖြင့် မည်သို့မျှ ညွန်ကြားခြင်းများ မရှိကြောင်းကိုလည်း တွေ့ရှိရသည်။
တရုတ်-မြန်မာနယ်စပ်ဒေသရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များတွင် ပြည်သူလူထုနှင့် မိမိတပ်ဖွဲ့ဝင်များအပေါ် နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ခံမဲပေးရန် ကချင်အထူးဒေသ(၁) NDAK ဦးဇဂုန်တိန့်ယိန်း အဖွဲ့နှင့် ရှမ်းအထူးဒေသ (၅) KDA မထုနော် အဖွဲ့တို့အနေဖြင့် ထောက်ခံမဲသာပေးကြရန် ညွန်ကြားထားရှိ ကြသည်။ ကချင်အထူးဒေသ (၁) ဦးဇဂုန်တိန့်ယိန်း အဖွဲ့နယ်မြေအတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၆၉၄)ဦး၊ မဲရုံစုစုပေါင်း (၄)ရုံအဖြစ် နအဖမှ သတ်မှတ်ထားရှိပေးထားသည်။ နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံပွဲအတွက် အဓိက ထောက်ခံမဲရမည့် ဒေသဖြစ်သလို ထောက်ခံမဲပေါင်းလည်း (၃၆၉၄)ရရှိမှာ ဖြစ်ပါသည်။ ရှမ်းအထူးဒေသ(၅) KDA မထုနော် အဖွဲ့အနေဖြင့်လည်း မဲပေးနိုင်ခွင့်ရှိသူနှင့် မဲရုံအရေအတွက်ကို မသိရှိသော်လည်း ၎င်းတို့အဖွဲ့သည်လည်း ဦးဇဂုန်တိန့်ယိန်း အဖွဲ့ကဲ့သို့ပင် နအဖ၏ စစ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အဓိက ထောက်ခံမဲရမည့် ဒေသလည်းဖြစ်နေပါသည်။
ကချင်အထူးဒေသ(၁) KIO အဖွဲ့၊ ရှမ်းအထူးဒေသ (၁) ကိုးကန့်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KDUP) အဖွဲ့၊ ရှမ်းအထူးဒေသ (၂) “၀”အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (WNDP) အဖွဲ့၊ SSA(N)အဖွဲ့ နှင့် ဦးစိုင်းလင်း ဦးဆောင်သော ရှမ်းအထူးဒေသ (၄) တို့သည် နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုရေး ထောက်ခံမဲပေးခြင်းကို မည်သည့်သဘောထားမျှ ထုတ်ပြန်ထားခြင်း မရှိသလို မိမိတို့ဒေသအတွင်းရှိ ပြည်သူလူထုများနှင့် တပ်ဖွဲ့ဝင်များကိုလည်း မည်သည့် သဘောထားမျှချပြ ထုတ်ပြန်ပေးထားခြင်းမရှိကြပါ။
ကချင်အထူးဒေသ(၁) KIO အဖွဲ့ နယ်မြေအတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၂၆၆၉)ဦး၊ မဲရုံစုစုပေါင်း (၆၃)ရုံအဖြစ် နအဖ မှ သတ်မှတ်ထားရှိပေးထားကြောင်း သိရှိရသည်။ ရှမ်းအထူးဒေသ(၁) ကိုးကန့်အဖွဲ့ အနေဖြင့် မဲပေးပိုင်ခွင့်ရှိသူဦးရေး စုစုပေါင်း (၇၂၀၀၀)သတ်မှတ်ထားရှိ ပေးထားပြီး မဲရုံပေါင်း (၂၀)အထိ သတ်မှတ်ပေးထားသည်။ နအဖအနေဖြင့် မိမိတို့၏ စစ်အုပ်ချုပ်ရေးဖွဲ့စည်းပုံ အတည်ပြုရေးအတွက် ထောက်ခံမဲ အသင့်သင့် ရရှိသွားနိုင်ပေသည်။
ရှမ်းအထူးဒေသ(၁) ကိုးကန့်ဒေသသည် လွန်ခဲ့သည့် ၂၀၀၀ခုနှစ်တွင် ကိုးကန့်အဖွဲ့အတွင်း အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် နအဖ အုပ်ချုပ်ရေးကို အဓိက စိုးမိုးချယ်လှယ်လာခဲ့သော ဒေသလည်းဖြစ်သည်။ ကိုးကန့်ဒေသသည် အဓိက တရုတ်လူမျိုးများ အများဆုံးနေထိုင်ရာဒေသဖြစ်ပြီး ယင်းဒေသအနေဖြင့် ယခုပြုတ်ကျသွားပြီးဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက်တွင် နအဖမှ အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်နေချိန်တွင် ကိုးကန့်ဒေသ အဖြစ်သတ်မှတ်ပေးခဲ့သော ဒေသဖြစ်သည်။ ယခုလက်ရှိနိုင်ငံရေးတွင်လည်း နအဖအနေဖြင့် ၎င်းတို့ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုနိုင်ရေးအတွက် ကိုးကန့်ဒေသအတွင်းရှိ တရုတ်လူမျိုးများအား အသုံးချ၍ ထောက်ခံမဲရယူလိုနေပေသည်။ တဖက်အနေဖြင့် လည်း ယခုလို ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုရေးတွင် မိမိတို့အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ဦးရေများများ ရရှိရေးနှင့် မဲရုံများ များပြားစွာ ကိုးကန့်ဒေသအတွင်း ဖြစ်ပေါ်ရေး၊ မိမိနယ်မြေ အတည်ပြုနိုင်ရေး ကိုသာ အဓိကကျနေပေသည်။ သို့အတွက် နှစ်ဦးနှစ်ဖက်အကြားတွင် နအဖအနေဖြင့် ၎င်းတို့အတွက် ထောက်ခံမဲ အတော်အတန် ရရှိနိုင်သော ဒေသဖြစ်နေပေသည်။
၎င်းကိုးကန့်အဖွဲ့နှင့် ဆန်ကျင်ဘက်အနေဖြင့် နယ်မြေအားဖြင့်လည်း အလွန်ကျယ်ပြန့်လျှက်ရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ မူရင်းတိုင်းရင်းသားများလည်းဖြစ်သည့် SSA(N) အဖွဲ့နယ်မြေအတွင်း နအဖ၏ မဲပေးပိုင်ခွင့်ဦးရေးကို (၅၃၀၀)သာ သတ်မှတ် ပေးထားပြီး မဲပေးပိုင်ခွင့်နယ်မြေအဖြစ် ကျေးရွာစီရင်စု (၆)စုသာ သတ်မှတ်ပေးထားသည်။ နအဖ၏ စစ်အုပ်ချုပ်ရေး အတည်မဖြစ်နိုင်ရေးအတွက် များစွာကန့်ကွက်မဲ ရရှိနိုင်သော ဒေသလည်းဖြစ်နေသည်။ သို့အတွက် နအဖအနေဖြင့် ကန့်ကွက်မဲ အများစုဖြစ်ပေါ်နိုင်သော SSA(N) အဖွဲ့တို့၏ နယ်မြေများနှင့် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူလူထုများသတ်မှတ်ပေးခြင်းသည် များစွာ နည်းပါးလျှက်ရှိနေသည်။ ယခုကဲ့သို့ နအဖ၏ မဲပေးပိုင်ခွင့် လူဦးရေသတ်မှတ်ချက်များနှင့် မဲပေးပိုင်ခွင့် ကျေးရွာစီရင်စုများ သတ်မှတ်ပေးချက်များအပေါ် လက်တွေ့မိမိတို့အမျိုးသားအရေးအတွက် ဦးဆောင်မှု ပြုနေတဲ့ ခေါင်းဆောင်များ၏ အပေါ်များစွာ တည်မှီလျှက် ရှိနေပေလိမ့်မည်။
ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ဖြစ်ရေးသည် နအဖ သက်စိုးရှည်စေရေးအတွက် များစွာအရေးပါနေသည့် အတွက် တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် လူမျိုးစု ဒေသခံပြည်သူများကို အသုံးချကာ ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံ အတည်ဖြစ်စေရေးအတွက် ထောက်ခံမဲရရှိရန် အလွန်လိုအပ်နေပေသည်။ တိုင်းရင်းသားလူမျိုးစု အဖွဲ့များ ဒေသရှိ ပြည်သူလူထုများ၏ ထောက်ခံမဲများသည်လည်း တနိုင်ငံလုံး စစ်အစိုးရအသက်ရှင် သက်စိုးရှည် မရပ်တည်နိုင်ရေးအတွက် များစွာ အရေးပါလျှက်ရှိနေပါသည်။ သို့အတွက်ကြောင့် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များ အနေဖြင့်လည်း ယခုလိုအချိန်အခါတွင် မိမိတို့၏ထောက်ခံမှုဖြင့် စစ်အာဏာရှစ်စနစ် တည်တံ့ခိုင်မြဲရေးအတွက် သမိုင်းမှာ မကျန်ရှိစေပဲ ပြည်သူလူထုအား တိကျသော နိုင်ငံရေးဦးဆောင်မှုကို ရယူကာ စစ်အာဏာရှင် သက်စိုးရှည်မည့် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၀ိုင်းဝန်းတွန်းလှန် ကန့်ကွက် သွားကြရန် အလွန်လိုအပ်လှပေကြောင်း တင်ပြလိုက်ရပါသည်။
Summary
Rest of your post
Posted by ဥတ္တရ at 7:59 AM 0 comments

















